First step for a young man
- Future Leaders Hub
- Dec 27, 2024
- 1 min read
Updated: Dec 30, 2024

လူငယ်တစ်ယောက်အတွက် ပထမခြေလှမ်း🗞️
🗓️2024 နှစ်လဲကုန်တော့မှာဆိုတော့
🗓️2025 နှစ်သစ်မှာ လူငယ်တွေအတွက် ပထမဆုံး ချမှတ်မဲ့ Goal ကအရေးအကြီးဆုံးတစ်ခုဆိုလည်းမမှားပါဘူး။ ဘယ်အရာမဆို စတင်လုပ်ဆောင်တဲ့ ပထမဆုံးခြေလှမ်းကအရေးကြီးဆုံးပါ။
✨နှစ်အစဆိုတာက တစ်နှစ်တာ ရည်မှန်းချက် ပန်းတိုင်အတွက် ပထမဆုံး စတင်ချမှတ်မဲ့ ခြေလှမ်းက အရေးကြီးပါတယ်။
📌လူငယ်တွေအနေနဲ့က နှစ်ကုန်သည့်အထိ အချိန်ဖြုန်းခဲ့တာတွေလည်း ရှိမယ်။ မရေမရာတာတွေနဲ့ အချိန်ကုန်ဆုံးခဲ့တာတွေလည်း ရှိကြမယ်။ သေချာအချိန်ကို အသုံးချနေတဲ့လူငယ်တွေလည်းရှိကြမယ်။
📌ဆယ်ကျော်သက်အရွယ်ဆိုတာ လေ့လာသင်ယူမှု အားကောင်းတဲ့ အရွယ်ဆိုလည်း မမှားပါဘူး။ လူငယ်တွေမှာက အချိန်များစွာရှိပါတယ်။ ငယ်ရွယ်အချိန်ဆိုတာက အပူအပင် ကင်းတဲ့အရွယ်ဖြစ်တာကြောင့်လည်း ပါပါတယ်။ ငယ်ရွယ်တဲ့ အချိန်အခါမှာ ပညာနှင့် အတွေအကြုံ ဗဟုသုတများကို စုဆောင်းသင့်ပါတယ်။
✨ကျနော်တို့ ငယ်ရွယ်စဉ် လမ်းစလျှောက်တတ်တဲ့အရွယ်တုန်းကဆိုရင်ဖြင့် ပထမဆုံးခြေလှမ်းကသာအရေးကြီးပြီး ကြောက်ရွံ့မှု အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး ပထမဆုံးခြေလှမ်းကို သေချာ လှမ်းခဲ့လို့သာ အခုလိုမျိူး လမ်းလျှောက်တတ်တဲ့ ဆယ်ကျော်သက် လူငယ်ဖြစ်နေတာပါ။
🥇ဘယ်အရာမဆို ပထမခြေလှမ်း တစ်ခုမှာ ကြောက်ရွံ့မှု၊တွေဝေမှုတွေနဲ့ ပြည့်နှက်နေတဲ့ကြားထဲက ခက်ခက်ခဲခဲ ရုန်းကန် ခြေလှမ်း လှမ်းရပါတယ်။
📨လူငယ်တွေအတွက် အကျိူးရှိစေမဲ့ အကြုံပြုချက်
📌 ၁နာရီထပ်မနည်းစာအုပ်ဖတ်ပါ။
📌 နည်းပညာကိုလေ့လာသင်ယူပါ။
📌 Communication ကောင်းမွန်အောင်လုပ်ပါ။
📌 Networkကိုချဲ့ထွင်ပါ(လူမှုအပေါင်းအသင်းအဆက်အသွယ်ကိုပြောခြင်းပါ။)
📌 ကိုယ့်ဝါသနာပါတဲ့အလုပ်ဘဲလုပ်ပါ။
📌 အမြဲစဉ်ဆက်မပြတ် လေ့လာသင်ယူပါ။
✨လူတိုင်းမှာ မလုပ်လိုက်ရလို့ရတဲ့နောင်တနဲ့ လုပ်လိုက်လို့ရတဲ့နောင်တဆိုပြီး နှစ်မျိူးရှိပါတယ်။ လုပ်လိုက်လို့ရတဲ့ နောင်တက အတွေ့အကြုံတွေရပါတယ်။ မလုပ်လိုက်ဘဲ "ငါဒါလုပ်လိုက်ရင် ကောင်းမှာ ၊ ငါအဲ့တုန်းကသာ လုပ်လိုက်ရင် အခုဆို အောင်မြင်ပြီ" စသဖြင့် ဒီနောင်တက ပိုဆိုးပါတယ်။
✨ဒါပေမဲ့ ကိုယ့်အတွေးနဲ့ကိုယ့် သေချာလုပ်သင့် မလုပ်သင့်ကို ဆုံးဖြတ်ပြီး နောက်ဆက်တွဲအကျိူးရလဒ်က ကောင်းမွန်တယ်ဆိုရင် လုပ်ဆောင်သင့်ပါတယ်။ နောက်ဆက်တွဲက အကျိူးရလဒ်မကောင်းရင် မလုပ်သင့်ပါဘူး။ အကြောင်းကိုသေချာဆုံးဖြတ် လုပ်ကိုင်နိုင်ရင် အကျိူးဆိုတဲ့နောက်ဆက်တွဲအရာတွေက ကိုယ့်ဆုံးဖြတ်ချက်အတိုင်း ဖြစ်မှာပါခင်ဗျ။
🏆ပထမခြေလှမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဘယ်အရာမဆို အခက်အခဲရှိပါတယ်။ အခက်အခဲမရှိတဲ့ အရာ က မစစ်မှန်ပါဘူး။
📮"Building Future , Together"
🔔 Future Leaders Hub Community
#future@futureleadershub
Comments