top of page

Investing in the future

Updated: Dec 30, 2024



အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း 🗞️


✨နေ့တစ်နေ့ရဲ့ အချိန်တစ်နာရီကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် တစ်နေ့တာကိုအောင်မြင်စွာဖြတ်သန်းနိုင်ပါတယ်။


✨ငွေကြေး‌အရင်းအနှီးအပြင် ကိုယ့်ဘ၀အတွက် ကိုယ့်တိုင်အရင်းအနှီး လုပ်သင့်ပါတယ်။ ငွေရေးကြေးရေး အဆင်ပြေယုံနဲ့ လူဘ၀ကြီးက အဆင်မပြေနိုင်ပါဘူး။ ငွေရေးကြေးရေး အဆင်ပြေဖို့အတွက် ကိုယ့်ရဲ့တစ်နေတာကို အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း ဖြင့် စတင်လိုက်ကြပါစို့


✨နှစ်တစ်နှစ်လဲကုန်ဆုံးတော့မှာဆိုတော့ ပြီးခဲ့တဲ့ လတွေနှစ်တွေရက်တွေအတွက် နောင်တရနေမဲ့အစား ကိုယ့်ရှေ့ဆက်ရမဲ့ နေ့ရက်အတွက် အခုကထဲက ရင်းနှီးမြှုပ်နှံသင့်ပါတယ်။


ဘာတွေရင်းနှီးမြှုပ်နှံရမလဲ❓


📌 အိုင်တီနည်းပညာသင်ယူခြင်း

ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အနာဂတ်မှာ popular ဖြစ်လာမဲ့ အိုင်တီနည်းပညာကိုလေ့လာသင်ယူခြင်းဖြင့်လည်း ရင်းနှီးမြှုပ်နှံလို့ရပါတယ်။


📌 ဘာသာစကားသင်ယူခြင်း

ကိုယ့်လူမျိူးဘာသာစကားအပြင်တခြားနိုင်ငံခြားဘာသာစကားတွေကိုလေ့လာသင်ယူထားတာက မမှားနိုင်တဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာလဲ ဘာသာစကားဆိုတာက မရှိမဖြစ်လိုအပ်ပါတယ်။ ယနေ့ခေတ်ကတော့ English စာကိုပိုပြီးမဖြစ်မနေ လေ့လာသင်ယူသင့်ပါတယ်။


📌 ငွေကြေးပိုင်းဆိုင်ရာလေ့လာခြင်း

လူတိုင်းက နေ့တိုင်း ငွေကြေး‌နဲ့

ထိတွေ့နေရပါတယ်။ ဒါကြောင့်မို့ ငွေကြေးပိုင်း မသိနားမလည်ရင် ကိုယ့်ဘာတွေလုပ်နေမိမှန်းတောင်မသိဘဲ ငွေကြေးပိုင်း အားနည်းသွားတတ်ပါတယ်။ စီးပွားရေးဆိုတာက လူတိုင်းနဲ့အမြဲထိတွေ့နေရသလို ငွေကြေးပိုင်းက လူတိုင်းအတွက် မဖြစ်မနေတွေ့ကြုံနေရတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်


📌 စာအုပ်ဖတ်ပါ။

စာအုပ်စာပေထဲမှာ ကိုယ့်မသိနားမလည်သေးတဲ့ မတတ်မြောက်သေးသည့်ပညာတွေအများကြီးရှိပါတယ်။ ဒါကြောင့် နေစဉ်တစ်နာရီထပ်မနည်း စာအုပ်နေတိုင်းဖတ်သင့်ပါတယ်။


📝 အမြဲ‌အသစ်အဆန်းတွေကိုလေ့လာသင်ယူပါ။

နေ့စဉ် အချိန်တိုင်းပြောင်းလဲနေတဲ့ကမ္ဘာကြီးမှာ နေထိုင်နေရတာဖြစ်လို့ အမြဲတမ်းအသစ်အဆန်းတွေနဲ့ကြုံတွေ့နေရမှာပါဘဲ ဒါကြောင့် အမြဲတမ်း လေ့လာသင်ယူနေပါ။


⏰ အချိန်ကိုသေချာစီမံတတ်အောင်သင်ယူပါ။(လက်တွေ့ကျင့်သုံးပါ)

အချိန်တွေကအမြဲပြောင်းလဲနေတာမို့အချိန်‌တိုင်းကိုသေချာစီစဉ်နိုင်ဖို့အလွန်အရေးကြီးပါတယ်။


📨 အကြုံပြုချက်

အမြဲလေ့လာသင်ယူပါ။ လက်တွေ့ကျင့်သုံးပါ။


🏆 အခုဘဲ အနာဂတ်အတွက်လေ့လာသင်ယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံလိုက်ကြပါစို့


📮"Building Future , Together"


🔔 Future Leaders Hub Community



#future@futureleadershub

 
 
 

Comments


bottom of page