top of page

Roadmap of IT technology

Updated: Dec 30, 2024



အိုင်တီ နည်းပညာရဲ့ Roadmap 🗞️


📌 အိုင်တီနည်းပညာကို လေ့လာသင်ယူနေတဲ့ လူငယ်တွေအတွက် Roadmap အနေနဲ့ ပြောပြပေးပါ့မယ်။


📍အိုင်တီဆိုတာဘာလဲဆိုတာတော့အားလုံးသိနေကြတယ်ဆိုတော့ ပြန်မရှင်းပြတော့ပါဘူးနော်


💁‍♂အိုင်တီကို ကိုယ့်ကအခုမှစလေ့လာဖို့စိတ်ကူးနေတယ် အိုင်တီမှာဘာတွေဘယ်လိုရှိနေသလဲ ဘာတွေလေ့လာသင်ယူရမလဲဆိုတဲ့ မရှင်းလင်းတဲ့ အမေးတွေအတွက် အဖြေတစ်ခုအနေ ရှင်းပြပေးပါရစေ။


🙅‍♂အရင်ဆုံး လွဲမှားနေတာလေးက

Basic အခြေခံကို သေချာ မသင်ယူဘဲ အ‌မြင့်ကိုတက်နေကြတာပါ။ ဘယ်အရာကိုမဆို အောက်ခြေ အခြေခံ ကောင်းမွန်မှ အမြင့်ကိုတက်လှမ်းတာက ပိုကောင်းပါတယ်ခင်ဗျ။


✨အိုင်တီနည်းပညာကိုအခုမှစလေ့လာ တော့မယ်ဆိုရင်


📍- Computer Basic (ကွန်ပြူတာအခြေခံ)

📍- A+(ကွန်ပြူတာ စက်ဖြုတ်တပ်ဆင်သင်တန်း)


🗞️အရင်ဆုံးဒီနှစ်ခုကိုအပြီးပြတ်အောင်လေ့လာရပါ့မယ်။

ဘယ်ကနေဘဲ စစ အောက်ခြေဖြစ်တဲ့ Computer Basic ကနေ စသင့်ပါတယ်။ ပြီးဆုံးသွားရင်တော့ ကွန်ပြူတာရဲ့ စက်ဖြုတ်တပ်ဆင်သင်တန်းဖြစ်တဲ့ အတန်းကို ဆက်လက်တက်ရောက် သင်ယူရပါ့မယ်။


✨ဒါပြီးရင်တော့ အိုင်တီနည်းပညာ course အတွက် အလယ်လောက်ရောက်ပြီလို့ပြောလို့ရပါတယ်။ ဒီကနေ ကိုယ့်က ဒီဇိုင်းဆွဲရတာဝါသနာပါရင်ဖြင့်


📍Adobe Photoshop

📍Adobe Premiere Pro

တို့ စသဖြင့် ဒီဇိုင်းပိုင်းကို ဆက်လေ့လာသွားရမှာဖြစ်ပါတယ်။


✨တကယ်လို့ကိုယ့်က စာရင်းဇယားပိုင်း ဝါသနာပါတယ်ဆိုရင်ဖြင့်


📍Advance Excel

📍တခြား စာရင်းဇယား သင်တန်းတွေကို တက်ရောက်လေ့လာနိုင်ပါသေးတယ်။


✨နောက်ဆုံး ကိုယ့်က code ရေးရတာ ဝါသနာပါရင်တော့

Website ဘက်သွားမလား software ပိုင်းသွားမလား အရင်စဉ်းစားပြီးတော့ ရွေးချယ်လေ့လာသွားလို့ရပါတယ်ခင်ဗျ။



✨အဓိကက ဝါသနာပါမှ coding ကအဆင်ပြေပါလိမ့်မယ်။ coding ပိုင်းက လေ့လာစရာများလွန်းတဲ့ နယ်ပယ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ အသစ်သစ်တွေ ပေါ်ထွက်နေတဲ့ နယ်ပယ်ဆိုလဲ မမှားပါဘူး။


🥇ဘယ်အရာဘဲစလုပ်လုပ် အခြေခံကနေစပါ။


📮"Building Future , Together"


🔔 Future Leaders Hub Community


#future@futureleadershub

 
 
 

Comments


bottom of page