Who is the Father of Ai
- Future Leaders Hub
- Dec 27, 2024
- 1 min read
Updated: Dec 30, 2024

ဉာဏ်ရည်တု နည်းပညာရဲ့ ဖခင်ကြီး 🗞️
✨Aiဆိုတဲ့ ဉာဏ်ရည်တု နည်းပညာဟာဆိုရင်ဖြင့် ယနေ့ခေတ်မှာ မသိသူမရှိအောင်ကို တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။
✨AIရဲ့သက်ရောက်ပုံ
ဉာဏ်ရည်တု(ai) နည်းပညာတွေပေါ်ပေါက်လာတဲ့အခါမှာ ဆိုရင်ဖြင့် လူသားတွေအတွက် အလုပ်လုပ်တဲ့အခါ (သို့မဟုတ်) စာသင်ကြားတဲ့အခါတွေမှာ အလွန်လွယ်ကူလာပြီး သက်ရောက်မှု နှင့် ထိရောက်မှုအများဆုံးဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ ဘ၀နေထိုင်မှုကိုပါ သက်ရောက်နိုင်စွမ်းရှိပါတယ်။
🔴 Aiကို စတင်ဖန်တီးခဲ့တဲ့ ဉာဏ်ရည်တုနည်းပညာရဲ့ ဖခင်ကြီးတွေကတော့
📌ပထမဆုံးတစ်ယောက်ကတော့
John McCarthy
"AI ၏ဖခင်" ဟုလူသိများသူလည်းဖြစ်ပါတယ်။ 1956 ခုနှစ် မှာ "ဉာဏ်ရည်တု" ဟူသော အသုံးအနှုန်းဝေါဟာရကို ဖန်တီးခဲ့ပြီး Dartmouth ညီလာခံကို ကျင်းပရာတွင် အဓိကကျသော နယ်ပယ်တစ်ခုအဖြစ် AI(ဉာဏ်ရည်တု)နည်းပညာရဲ့ တရား၀င်အစကို အမှတ်အသားပြုခဲ့ပါတယ်။
📌ဒုတိယမြောက်တစ်ယောက်က
Alan Turing
Turing ၏ အလုပ်ကတော့ လူသားဉာဏ်ရည်ကို အတုယူနိုင်ရန် စက်များ၏ အလားအလာကို စူးစမ်းလေ့လာခဲ့ပါတယ်။
📌သုံးယောက်မြောက်တစ်ယောက်ကတော့
Marvin Minsky
MIT AI Lab ၏တွဲဖက်တည်ထောင်သူလည်းဖြစ်ပါတယ်။ Minskyသည် AI ၏ အယူအဆများ
တိုးတက်စေရန် သိသိသာသာ ပံ့ပိုးကူညီစေခဲ့ပြီး The Society of Mind အပါအ၀င် ဩဇာကြီးမားသော စာအုပ်များကိုရေးသားခဲ့ပါတယ်။
📌နောက်ထပ်တစ်ယောက်ကတော့
Herbert A. Simon
ဘောဂဗေဒ နိုဘယ်ဆုရှင် Simon က အခြေခံ AI algorithms များကိုတီထွင်ခဲ့ပြီး Allen Newell နှင့် Logic Theorist ဖြင့် General Problem Solver ကို ပူးတွဲဖန်တီးခဲ့ပါတယ်။
📌နောက်ဆုံးတစ်ယောက်ကတော့
Allen Newell
အစောပိုင်း AI ပရိုဂရမ်များကို ဖန်တီးရန် Herbert Simon နှင့် ပူးပေါင်းပြီး AIတွင် ပုံဆောင်ဆင်ခြင်ခြင်း နှင့် ပြသာနာဖြေရှင်းနည်းများတွင် ရှေ့ဆောင်လုပ်ကိုင်ခဲ့ပါသည်။
✨AI (ဉာဏ်ရည်တု) နည်းပညာဟာဆိုရင်ဖြင့် အရှိန်အဟုန်တိုးတက် ပြောင်းလဲလာခဲ့တဲ့ နည်းပညာတစ်ခုလည်းဖြစ်ပါတယ်။ Aiကို ကလေးကအစလူကြီးအဆုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။
✨Aiဆိုတဲ့ ဉာဏ်ရည်တုနည်းပညာထွန်းကားနေတဲ့ခေတ်မှာ နည်းပညာပိုင်းကို မတတ်ကျွမ်းလို့လည်းမရပါဘူး။
📮"Building Future , Together"
🔔 Future Leaders Hub Community
#future@futureleadershub
Comments